Local News

အာဏာအသုံးချပြီး ပြည်သူများ အိုးအိမ်နှင့် လူများကို နိုပ်စက်နေတဲ့ ဗီဒီယိုဖိုင်

စစ်တွေမြို့ ဓညဝတီ(ခ)ရပ်ကွက်ရှိ ဂန္ဓာရုံ ပရိယတ္တိစာသင်တိုက် ရှိ ကျောင်းထိုင်ဆရာတော် လောဘကင်းစင် ရွှေမေတ္တာရှင်သည် ဘုန်းတော်ကြောင့် ပိုင်ဆိုင်ထားသာ ဝတ္တုငွေအား ဘဝအနည်းငယ် အသုံးလိုသဖြင့် အဝယ်လွှတ်၍ ဘိလပ်စာရေး ဦးပြည်သိန်းကျော် သည် (၂၅. ၃. ၂၀၂၀) နံနက် ( ၁၁ နာရီ ) ကျော်ခန့်တွင် ဦးပြည်သိန်းကျော် ဦးဆောင်ပြီး ရဲဝန်ထမ်းနှင့် အရပ်သား (၉၀)ကျော်ခန့်တို့နှင့်အတူ ဖြိုဖျက်ပစ္စည်းတို့ တစ်ပါတည်းယူဆာင်ကာ စစ်တွေမြို့ မင်းဂံ/အကွက်(၄) ဆ/ရှေ့ အိမ်အမှတ် ၁၂ တွင် ပတ်ဝန်းကျင်နှင့် လိုက်လျောစွာ ၂၀ နှစ်ကျာ် နေထိုင်လာသည့် ကျွန်တော်တို့ မိသားစုနေအိမ်အား အသိပြောဆို အသိပေးခြင်း တစ်စုံတရာ မရှိဘဲ ကန့်သန့်မြေဟု အကြောင်းမဲ့ပြောဆိုပြီး ဖြိုဖျက်ရမည်ပြောသည်။

မိဘ မရှိသေးသဖြင့် ခတ္တခဏစောင့်ဆိုင်း ပေးရန် ခေါ်ပေးမည်ပြောသော်လည်း လက်မခံဘဲ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ကာ ကျွန်တော်တို့မိသားစုပိုင် အိုးအိမ်ပစ္စည်းများကို အတင်းအားဒမ ဖြိုချဖျက်ဆီးစဉ် အနားကပ်ခွင့်မရှိဘဲ ခြိမ်းခြောက်မှုအမျိုးမျိုးပြု ပြီး ပူဆွေးခြင်းမှအပ တခြားမတတ်နိုင်ခဲ့ပါ။

ကျွန်တော်၏ ဖခင်အားလူမဆန်စွာ လက်မောင်းရင်းမှကိုင်၍ အိပ်ပြင်ပသို့ဆွဲထုပ်မောင်းနှင်စဉ် သမီးဖြစ်သူ ကျွန်တော့ညီမက အသနားခံ တားမြစ်နေသည်ကို ဦးပြည်သိန်းကျော်က ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ လက်ပြန်တုတ်လိုက်ရာ ရင်ဘတ်တွင်ထိ၍ မေ့မျောသွားပြီး ဆေးရုံတင်လိုက်ရပါသဖြင့် ယခုလို မတရားမှုအား ရခိုင်အမျိုးချင်း Share ခြင်းဖြင့် ကူညီပေးကြပါ။အမျိုးသားချင်း ကူညီနေသည့် ယခုခေတ်တွင် လမ်းဘေးအရောက်ပို့ခံရသည့် ကျွန်တော်တို့ မိသားစု၏ အဖြစ်ကို အများသိအောင် Share ခြင်းဖြင့် ကူညီပေးကြပါ ။ဤမတရားမှုကို အများသိအောင် မျှဝေကြပါ…။

Posted by Nyi Nyi on Thursday, March 26, 2020

Posted by Nyi Nyi on Thursday, March 26, 2020

Posted by Nyi Nyi on Thursday, March 26, 2020
2K Shares

Comments are Closed

Powered by M.N.T

2K Shares
Tweet
Share2K