Local News

ဒလ၌ သတိလစ်မေ့မျော သွေးပေါင်တိုင်းမရ အဖျားရှိအမျိုးသား လမ်းဘေး၌လဲနေ တာဝန်သိသူမှ ဒလဆေးရုံသို့ ပို့ဆောင်ထား

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်
လမ်းသွယ်တစ်လမ်း(ဈေးလမ်း)တွင် ယနေ့ မတ် ၂၅ ရက်
မနက် ၁၁ နာရီချိန် က အမည်မသိ နေရပ်လိပ်စာမသိ
အမျိုးသားတစ်ဦး လဲနေရာ တာဝန်သိသူများ က
ဒလပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒလပြည့်သူ့ဆေးရုံ ဒေါက်တာ ထင်ရှားအောင် မှ စမ်းသပ်
စစ်ဆေးရာ သတိလစ် မေ့မျော သွေးပေါင်တိုင်းမရ
အဖျားတက်နေလျှက်ရှိကြောင်း နှင့် ဆေးသွင်း/ဆေးကုသ
ပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ အမည်/နေရပ်မသိ အမျိုးသားအား သိရှိပါက
၎င်း၏ မိဘဆွေမျိုးမိသားစုဝင်များ ထံ အကြောင်းကြားပေး
စေခြင်ပါသည်။

11K Shares

Comments are Closed

Powered by M.N.T

11K Shares
Tweet
Share11K