Local News

မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု အခြေအနေ (၂၅-၃-၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာအသစ် (၁)ယောက် ထပ်မံတွေ့ရှိကြောင်း ဒီနေ့ (၂၅ မတ်လ) မနက် (၁) နာရီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

New case –
အသစ်တွေ့ရှိတဲ့ စောင့်ကြည့်လူနာဟာ အင်္ဂလန်နိုင်ငံကနေ မတ်လ(၂၁)ရက်နေ့က ထိုင်းနိုင်ငံကတဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်ခဲ့တဲ့ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပူဖျားနာ၊ ချောင်းဆိုးလက္ခဏာတွေကြောင့် အင်းစိန်ပြည်သူ့ဆေးရုံမှာ မတ်လ ၂၃ရက်နေ့က စောင့်ကြည့်လူနာအဖြစ် သီးသန့်ခွဲထားပြီး ဓာတ်ခွဲအဖြေဟာ COVID-19 ပိုးတွေ့ရှိကြောင်း အတည်ပြုလိုက်တာပါ။ သူနဲ့ ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၊ အသွားအလာကန့်သတ်၊ စောင့်ကြပ်ကြည့်ရှုသွာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Previously –
ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံရှိ အမေရိကန်ပြည်ထောင်စုကပြန်လာသူ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက ပြန်လာသူ အသက်(၂၆)နှစ်အရွယ် အမျိုးသား(၁)ဦးတို့ထံမှာCOVID-19 ရောဂါပိုးကို မတ်လ (၂၄)ရက်နေ့က စတင်တွေ့ရှိခဲ့ပါတယ်။

Facts –
အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃)ဦး ရှိပြီဖြစ်ပြီး စောင့်ကြည်/သံသယလူနာဦးရေ စုစုပေါင်း (၂၃၈)ဦး ရှိနေပါတယ်။ တကမ္ဘာလုံးမှာတော့ ၂၄ရက် မတ်လ ည(၈)နာရီအချိန်ထိ နိုင်ငံနေရာဒေသပေါင်း (၁၉၇)ခုမှာ ကူးစက်ခံရသူ (၄၀၇၆၇၀)ဦး အတည်ပြုထားပါတယ်။

2K Shares

Comments are Closed

Powered by M.N.T

2K Shares
Tweet
Share2K