International News

တရုတ်မှာ ကူးစက်မြန်ရောဂါပိုးထက် သေဆုံးနှုန်းပိုမြင့်တဲ့ ဟန်တာရောဂါပိုး ထပ်မံဖြစ်ပွားနေ ဗီဒီယိုဖိုင်

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေစဉ်မှာပဲ Hantavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတစ်ဦးသေဆုံးသွားခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ အခုလ(၂၄)ရက် dailytimes သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်အစိုးရရဲ့ Global Times သတင်းစာမှာ ယူနန်ပြည်နယ်က လူတစ်ယောက်ဟာ အလုပ်ကိစ္စအတွက် ရှန်ဒေါင်ပြည်နယ်ဆီအပြန်လမ်းမှာ စင်းလုံးငှားဘတ်စ်ကားတစ်စီးပေါ်မှာ သေဆုံးသွားခဲ့တယ်လို့ အခုလ (၂၃)ရက်နေ့က ဖော်ပြထားပါတယ်။

၎င်းကိုစစ်ဆေးကြည့်ရာမှာ hantavirus ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပြီး၊ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ နောက်ထပ် လူ (၃၂)ယောက်ကိုလည်း စစ်ဆေးထားတယ်လို့ဆိုပါတယ်။

ယူနန်တွင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ဟန်တာဗိုင်းရပ်စ်ကူးစက်မှု ၁၂၃၁ မှုရှိခဲ့ပြီး သေဆုံးသူတစ်ယောက် ရှိခဲ့သော်လည်း ကန်ယွမ်တွင်သေဆုံးသူမရှိကြောင်း သိရပါတယ်။ ဟန်တာဗိုင်းရပ်စ်မှာ ကြွက်နှင့်ရှဥ့်များမှ အဓိကကူးစက်ပြီး လူများတွင် ရောဂါအမျိုးမျိုးဖြစ်နိုင်သည့်ဗိုင်းရပ်စ် ဖြစ်ပါတယ်။

ဟန်တာဗိုင်းရပ်စ်အဆုတ်ရောဂါ(HPS)နှင့် သွေးလွန်တုပ်ကွေးဆီးရောဂါ (HFRS) တို့ ဖြစ်နိုင်သည့် ဗိုင်းရပ်စ် ဖြစ်ပြီး လေထုထဲမှမကူးစက်သော်လည်း ကြွက်၊ ရှဥ့်ဆီး၊ မစင်နှင့် တံတွေးများနှင့် ထိတွေ့မှုနှင့် ကူးစက်ခံအကောင် တစ်ကောင်ကိုက်ခံရမှုတို့ဖြင့် ကူးစက်နိုင်ပါတယ်။

အစောပိုင်းလက္ခဏာများတွင် နုံးချိခြင်း၊ ဖျားနာခြင်း၊ ကြွက်သားများနှင့် ခေါင်းကိုက်ခြင်း၊ မူးဝေမှု၊ ချမ်းတုန်မှုနှင့် ဗိုက်နာမှုများပါဝင်တယ်။

မကုသဘဲထားပါက ချောင်းဆိုးပြီး အသက်ရှူကြပ်လာသည့်အပြင် သေဆုံးမှုအထိဖြစ်နိုင်သည်။

တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးထားနိုင်ပြီး သန့်သန့်ရှင်းရှင်းနေရန်၊ တစ်ကိုယ်ရေကျန်းမာရေးဂရုစိုက် ရန်၊ ကြွက်များနေထိုင်သည့်နေရာများကိုသုတ်သင်ရန်နှင့် အရေပြားထိခိုက်မှုမဖြစ်ရေး တစ်ကိုယ်ရေကာကွယ်မှု မြှင့်တင်ရန်တို့ လုပ်သင့်တယ်လို့ သိရပါတယ်။

57K Shares

Comments are Closed

Powered by M.N.T

57K Shares
Tweet
Share57K