International News

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အိန္ဒိယဗေဒင်နက္ခတ်ပညာရှင်တစ်ယောက်ရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဟောကြားချက်

လတ်တလော ကမ္ဘာတစ်ဝှမ်းလုံးမှာပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကတော့ လူတိုင်းလူတိုင်းကို ကျီးလန့်စာစားခြောက်လှန့်နေတာ အမှန်ပါပဲ။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပြန့်ပွားလာတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာဆိုရင် ဒီနေ့မနက် (၁၀)နာရီအချိန်ထိသတင်းများအရ နိုင်ငံပေါင်း(၁၉၆ )နိုင်ငံမှာ ဖြစ်ပွားနေပြီး လူဦးရေ (၁၆၅၂၄) ယောက် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း (၂၃.၃.၂၀၂၀) ည (၁၁.၄၅) သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးဖြစ်နေတဲ့ ဒီဗိုင်းရပ်စ်ပိုးကို ကြိုတင်ကာကွယ်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အိမ်ပြင်မထွက်ကြဖို့နဲ့ ကိုယ်ခံအားကောင်းအောင်နေဖို့ လက်ဆေးကြဖို့ သတိပေးထုတ်ပြန်ချက်တွေပြုလုပ်နေသလို လူမှုကွန်ရက်မှာလည်း ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သုံးသပ်ချက်ပေါင်းစုံထွက်ပေါ်နေပါတယ်။ နှစ်တစ်ရာမှာ တစ်ခါဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါသဖွယ် ပြောနေကြတဲ့သူတွေလည်းရှိသလို ဗေဒင် နက္ခတ်ဗေဒပညာရှင်တွေရဲ့ သုံးသပ်ချက်ပေါင်းစုံလည်း ထွက်ပေါ်နေပါသေးတယ်။ အဲ့ဒီအထဲမှာမှ ကမ္ဘာမှာ ဗေဒင်ကျမ်းဂန်ပညာတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးလှတဲ့ အိန္ဒိယပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကတော့ မျှဝေသူတွေ များပြားလွန်းနေတဲ့အပြင် ဂျွန်လွင်ကိုယ်တိုင်လည်း ယုံကြည်စွာမျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ဖော်ပြပေးလိုက်ပါတယ်နော်။

သူတို့ရဲ့ဟောကြားချက်ကတော့ ” (၂၆ ဒီဇင်ဘာမှာ ရောဂါစဖြစ်ပြီး… ၃၁ မတ်လ မှာတော့ ကိုရိုနာဗိုင်းရပ်စ် အားနည်းသွားပါမယ်… ၁၃ ဧပြီလမှာ ကုသဖို့ဆေးပေါ်လာပါလိမ့်မယ်… ၁၉ ဧပြီလမှ ၂၁ ဂျွန်အတွင်းမှာ မြင့်မားလာတဲ့အပူရှိန်ကြောင့် ကိုရိုနာဗိုင်းရပ်စ် အားနည်းသွားပြီး ၂၃ စက်တင်ဘာလ မှာတော့ ရောဂါအဆုံးသတ်သွားပါမယ်ဆိုပြီး ဟောကြားချက်ထုတ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…. သူဟောကြားချက်အတိုင်း ရောဂါကို အမှန်တကယ်ကုသနိုင်မယ့် ဆေးပေါ်လာရင်တော့ အကောင်းဆုံးပါပဲနော် ပရိသတ်ကြီးရေ..

2K Shares

Comments are Closed

Powered by M.N.T

2K Shares
Tweet
Share2K