International News

COVID-19 ကြောင့် လူသေဆုံးမှုတွင် အီတလီက တရုတ်နိုင်ငံကိုကျော်သွား

ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမ
ှုကြောင့် အီတလီနိုင်ငံရဲ့ လူသေဆုံးမှု
အရေ အတွက်ဟာအများဆုံးဖြစ်သွားပြီ
လို့ အခုလ(၁၉)ရက်က ကျန်းမာရေး
ဌာနက ကြေညာခဲ့ပါတယ်။

လူသေဆုံးမှုဟာ တစ်ရက်တာအတွင်း
(၄၂၇)ယောက်ရှိခဲ့ပြီး၊ စုစုပေါင်း
သေဆုံးသူ(၃၄၀၀)ကျော်ရှိသွားပါပြီ။
တရုတ်နိုင်ငံမှာ လူသေ ဆုံးမှု
စုစုပေါင်း(၃၂၄၈)ယောက်ရှိခဲ့တာပါ။
အခုလို သေဆုံးနေမှုအပေါ်
ကျန်းမာရေးဝန်ထမ်းတွေက
စိတ်မ ချမ်းမသာဖြစ်နေကြပြီး၊
အရေးပေါ်အခြေအနေနဲ့နိုင်ငံကို
ပိတ်ထားတဲ့ အတိုင်းအတာကို
ဆက်တိုးမြင့်ဖို့ အစိုးရက ပြင်ဆင်ခဲ့
တယ်လို့ ပြောပါတယ်။

မီလန်ဆေးရုံမှာ အလုပ်လုပ်နေတဲ့
သူနာပြုဆရာမ ဒနီလာကွန်ဖာလိုနီရီ
ကလည်း ဗီဒီယိုနဲ့ ရင်ဖွင့်ပြောခဲ့တာ
ကတော့

” အရမ်းကို စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှု
တွေနဲ့ ကျမတို့ အလုပ်လုပ်နေရပါ
တယ်။ ရုပ်ပိုင်းဆိုင်ရာအရ စိုးရိမ်ပူပန်
မှုတွေဟာ အထွတ်အထိပ်ကို ရောက်
သွားပြီ၊ လုမ်ဘာဒီဒေသ ရဲ့အခြေအနေ
က မထိန်းချုပ်နိုင်တော့ဘူး၊ မြင့်မားတဲ့
ကူးစက်ရောဂါတွေနဲ့ လူသေဆုံးမှုက
မရေတွက်နိုင်အောင်ပဲ”လို့
ပြောသွား ပါတယ်။

လုမ်ဘာဒီ ဒေသဟာ
ှေရာဂါကူးစက်သေဆုံးမှု အဆိုးဆုံး
နေရာဖြစ်ပြီး၊ လူနေသိပ်သည်းပြီး၊
စီးပွားရေးအချက်အချာကျတဲ့
မီလန်မြို့ ပတ်ဝန်းကျင်မှာ
တည်ရှိတာဖြစ်ပါတယ်။

407 Shares

Comments are Closed

Powered by M.N.T

407 Shares
Tweet
Share407