Celebrity

ခင်​ပွန်းသည်​ ဒါရိုက်​တာဏကြီး နဲ့အတူ ဇာတ်​ကားရိုက်​ကူးပြီး.အပြန်​ ယာဉ်​တိုက်​မှု ဖြစ်​ခဲ့တဲ့ ပိုင်​ဖြိုးသု

ပိုင်​ဖြိုးသု က​တော့ သူမရဲ့ ​ဖေ့ဘုတ်​စာမျက်​နှာက​နေ ဖြစ်​ပျက်​ခဲ့တဲ့ အ​ကြောင်းအရာ​တွေကို ပရိသတ်​​တွေ စိတ်​ပူမှာစိုးတဲ့အတွက်​အခုလို​ရေးသား​ဖော်​ပြခဲ့ပါတယ်​။

သုသုတို့ကိုသတင်းကြားလို့စိတ်ပူပြီးဖုန်းဆက်မေးကြသူများရှိသလို တချို့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့်….
အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်….
ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး….
အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)….
ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိလင်မယားနှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…
ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်….
ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ….
တတ်နိုင်သမျှ အိမ်မှာနေကြပါ….
မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ….နှာခေါင်းစည်း(mask)ဝတ်ကြပါနော်…
ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ….
အစာအာဟာရမျှတအောင်စားပါနော်….
အားလုံးပဲ ကျန်းမာကြပါ‌စေ 🙏🙏🙏

5K Shares

Comments are Closed

Powered by M.N.T

5K Shares
Tweet
Share5K